ဝမ်းတွင်း၊ နိုဝင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် မိတ္ထီလာလွင်ပြင် လျှပ်စစ်မြစ်ရေတင်စီမံကိန်း၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် 66.KV-H-T Line နှင့် မလွတ်ကင်းသည့် ကျေးရွာအုပ်စု(၅)အုပ်စုရှိ၊ တောင် သူများအား သီးနှံဂရုဏာကြေးများပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်စိုးမှအဖွင့် စကားပြောကြားခဲ့ပြီး မိတ္တီလာလွင်ပြင် လျှပ်စစ်ရေတင်စီမံကိန်းတာဝန်ခံအရာရှိ ဦးမျိုးမင်းထွန်းမှ သီးနှံဂရုဏာကြေးပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာအုပ်စုများအလိုက် တောင်သူများအားသီးနှံဂရုဏာကြေး စုစုပေါင်း (၂၈၇၉၁၀၀၀)ကျပ်ကို တာဝန်ရှိသူများမှပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်စိုး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိုးမင်းထက်၊ မိတ္ထီလာလွင်ပြင်လျှပ်စစ်မြစ်ရေတင်စီမံကိန်းတာဝန်ခံအရာရှိ၊ ဦးမျိုးမင်းထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှုးဦးမျိုးတင့်နှင့်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စု(၅)အုပ်စုမှဒေသခံ တောင်သူများတက် ရောက်ခဲ့ကြောင်းသိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)