ကရသူရိ ဇူလိုင် ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/သူများ စိတ်ရွှင်လန်း၍ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းကို ယမန်နေ့နံနက်၁၀နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းသား/သူများ ကျောင်းစာများသာမက စာအုပ်/စာပေများမှပေးသော အသိပညာဗဟုသုတများ၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဝါသနာရှင်ကလေးများပေါ်ထွန်းရေး ကျင်းပပြုလုပ်ခြင်းဖြစ်ရာ ထိုပြိုင်ပွဲများ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲတို့ကို မိမိကြိုက်နှစ်သက်ရာခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲသို့ ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ (၂၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို မြို့နယ်ဦးစီးမှူးက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)