မော်လမြိုင်ကျွန်းမြို့နယ်၌ ကိုဗစ်ရောဂါပိုးတွေ့ရှိသူ ၂၁ ဦး ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်း

မော်လမြိုင်ကျွန်း နိုဝင်ဘာ

မော်လမြိုင်ကျွန်းမြို့နယ် ခုတင် ၁ဝဝ ဆေးရုံကြီးနှင့် မြို့နယ်တိုင်းရင်းဆေးရုံ (အရန်ဆေးရုံ)တို့တွင် ဆေးကုသမှု ခံယူနေသည့် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူလူနာများထဲမှ မန်နေ့ မွန်းလွဲပိုင်းတွင် ကျန်းမာရေး ကောင်းမွန်သဖြင့်  ၁ ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ကျန်းမာရေး ကောင်းမွန်လျက်ရှိသည်။

အဆိုပါ ဆေးရုံဆင်းသူများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးနှင့် ကော်မတီဝင်များက သွားရောက်ကြိုဆို အားပေးကြပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစန်းဝင်းက ဆေးရုံဆင်းလက်မှတ် ပေးအပ်ခဲ့ကာ မိမိနေအိမ်တွင် Stay at   Home  နေရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး ဆေးရုံဆင်းသူများအား မြို့နယ်ကြက်ခြေနီအသင်းမှ အိမ်တိုင်ရာရောက် လိုက်လံ ပို့ဆောင်ပေးခဲ့သည်။

ယနေ့ မွန်းလွဲပိုင်းထိ မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ ကျား၊ မ ပေါင်း ၁၉၅ ဦးရှိပြီး မြို့နယ်ခုတင် ၁ဝဝ ဆေးရုံကြီးနှင့် တိုင်းရင်းဆေးရုံတွင် ပိုးတွေ့လူနာ  ကုသဆဲ ၆၃ ဦးသာကျန်ရှိပြီး လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုများဖြင့် ကုသပေးလျက် ရှိသည်။

ကုသဆဲလူနာများမှာ ကျန်းမာရေးကောင်း မွန်လျက်ရှိပြီး မြို့နယ်တွင် ဆေးရုံဆင်းသူ အသက်အရွယ်ကြီးသူ၊ ကလေးငယ်များ အပါအဝင် ကျား၊ မ စုစုပေါင်း ၁၃၂ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

သီတာအောင်(ပြန်/ဆက်)