ကန်ကြီးထောင့် နိုဝင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP)ကျေးရွာနှင့် မြစိမ်းရောင် စီမံကိန်းကျေးရွာများ ရွေးချယ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေလှကြိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်တို့က အမှာစကား ပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးနိုင်က VDP စီမံကိန်းကျေးရွာနှင့် မြစိမ်းရောင်စီမံကိန်းကျေးရွာ ရွေးချယ်ရာတွင် အခြေခံရမည့်မူများအား ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP)ကျေးရွာ ရွာ(၅၀)နှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း တစ်ယူနစ်တို့ကို သတ်မှတ်ထားသည့် လမ်းညွှန်ချက်များနှင့် အညီ စိစစ်ရွေးချယ်အတည်ပြု ခဲ့ကြကြောင်း သိရသည်။
နန်းထိုက် (ပြန်/ဆက်)