ကျောက်ဆည် နိုဝင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင် လျက် ရှိသည့် ရပ်ကွက်/ကျေးရွာများ စာရေးဝန်ထမ်းများအား ချီးမြှင့်ငွေများကိုယမန်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။
ချီးမြှင့်ငွေများပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအောင်မြင်စွာ ကျင်းပပြုလုပ်ရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများသည် အခြေခံလူဦးရေ စာရင်းများ ကောက်ယူခြင်း၊ ပြုစုခြင်း၊ မဲဆန္ဒရှင်စာရင်းများ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်မှုနှင့်နှင့် ထောက်ပံ့ငွေများပေးအပ်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲကာလ အတွင်း ပေးအပ်သည့်တာဝန်များအား တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြရာ ဝန်ထမ်းတစ်ဦးချင်းစီ၏ ကြိုးစားအား ထုတ်မှုများ ဆက်လက် ဆောင်ရွက်သွာကြရန် လိုအပ်ပါကြောင်းရှင်းလင်း ပြောကြား ခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်လွင်နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးချန်ထွန်း တို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်)မှထောက်ပံ့သည့် တစ်ဦး လျှင်ငွေကျပ်(၇၂၀၀၀)နှုန်းဖြင့် ရပ်ကွက်/ ကျေးရွာစာရေးဝန်ထမ်း(၉၇)ဦးအတွက် စုစုပေါင်း ငွေကျပ်(၆၉၈၄၀၀၀)ကို ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်း များအား ချီးမြှင့်ပေးအပ်ခဲ့ကြောင်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
တင်တင်ထွေး(ခရိုင်ပြန်/ဆက်)