သပိတ်ကျင်း၊ နိုဝင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် ကိုဗစ်-၁၉ လူနာတစ်ဦးတွေ့ရှိသဖြင့် ယမန်နေ့ည(၁၁)နာရီအချိန်ခန့်က သပိတ်ကျင်းမြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သပိတ်ကျင်းမြို့နယ်(၇)မိုင်ကျေးရွာအုပ်စု၊ (၆)မိုင်ကျေးရွာသို့ ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်တွင် အလုပ်လုပ်ကိုင်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသူ (၃)ဦးအား (၆)မိုင်ကျေးရွာ၌ Facility Quarntine ထားရှိပြီး ၎င်းတို့(၃)ဦး၏ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်တို့ကိုရယူ၍ ၂၀၂၀ပြည့်နှစ်နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ(မန္တလေး)သို့ ပို့ဆောင် စစ်ဆေးခဲ့ရာ မ----------(၂၁)နှစ်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း အကြောင်းကြားလာသဖြင့် အဆိုပါပိုးတွေ့လူနာအား ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ည(၁၁)နာရီအချိန်ခန့်က သပိတ်ကျင်းမြို့ ပြည်သူ့ဆေးရုံရှိ အထူးကြပ်မတ် ကုသဆောင်သို့ ဆေးကု သမှုခံယူရန် ပို့ဆောင်ခဲ့ကြောင်းသိရသည်။
အဆိုပါ ပိုးတွေ့လူနာနှင့်ထိတွေ့ခဲ့သူများအား သက်ဆိုင်ရာတာဝန်ရှိသူများမှ ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုးနိုင်ဝင်း(ပြန်/ဆက်)