ဇလွန် နိုဝင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ (၂၀၂၀-၂၀၂၁)ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကျေးရွာများ ရွေးချယ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ သည်။
အဆိုပါစီမံကိန်းကျေးရွာများ ရွေးချယ်ခြင်းကို မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်အောင်နှင့် မြို့နယ်စီမံကိန်းရွေးချယ်ရေး ကော်မတီများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ကျေးရွာ (၂၇)ရွာနှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းကျေးရွာ (၂)ရွာတို့ကို ရွေးချယ်ခဲ့ပြီး ဇလွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျှော့ချရေးအတွက် မြစိမ်းရောင် စီမံကိန်းလုပ်ငန်းများ၊ ကျေးလက်နေ ပြည်သူများ လူမှုဘဝမြင့်မားရေးအတွက် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းများ၊ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းများနှင့် Cash For Work စီမံကိန်းလုပ်ငန်းများ၊ NEP စီမံကိန်းလုပ်ငန်း ရေပေးဝေရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မူမူသင်း၏ ပြောကြားချက်အရ သိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)