ပြင်ဦးလွင် နိုဝင်ဘာ ၁၈
ပြင်ဦးလွင် မြို့ရပ်ကွက်ကြီး(၈) တွင် ကိုဗစ်- ၁၉ ကာလအတွင်း ထောက်ပံ့ကြေးငွေများ ပေးအပ်ခြင်းကို နိုဝင်ဘာလ ၁၆ ရက်နေ့မှစ၍ စနစ်တကျ ပေးအပ်လျက်ရှိကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် ကျန်းမာရေးစီမံချက်များနှင့်အညီ လုပ်ငန်းများ၊ ဆိုင်များအား ယာယီပိတ်သိမ်းရသဖြင့် စားဝတ်နေရေးအခက်အခဲရှိသော အိမ်ထောင်စုများကို နိုင်ငံတော်မှ ထောက်ပံ့ကြေးများ ပေးလျက်ရှိရာ ရပ်ကွက်ကြီး (၈) တွင်လည်း စတုတ္ထအကြိမ် ထောက်ပံ့ကြေးငွေ တစ်ဦးလျှင် ၂၀၀၀၀ ကျပ်စီ ပေးအပ်ခဲ့ သည်။
ကိုဗစ် ၁၉ ရောဂါကြောင့် လူစု လူဝေးမဖြစ်စေရန်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် အမိုးအကာများ ထားရှိပေးပြီးကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ၆ပေအကွာ ထိုင်ခုံများ ချထားပေးခြင်း၊ သောက်ရေသန့်များ ထားရှိပြီး အာဟာရဒါနအဖြစ် ကြက်ဥပြုတ်များလည်း ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့ ညနေထိ (၃၁၁)စု အား စနစ်တကျပေးအပ်ခဲ့ပြီး ယနေ့တွင်အိမ်ထောင်စု ၂၀၀ ခန့်အား ပေးသွား မည်ဖြစ်ပြီး သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးမကောင်း၍ မလာရောက်နိုင်သူများအား အိမ်တိုင်ရာရောက် ပေးအပ်သွားမည်ဖြစ်ကြောင်း ရပ်ကွက်ကြီး(၈) အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းလှိုင်ထံ မှသိရသည်။ရပ်ကွက်ကြီး ( ၈ ) တွင် ထောက်ပံ့ကြေး ပေးမည့်အိမ်ထောင်စုဦးရေ ၁၆၇၅ စုခန့်ရှိ ကြောင်း သိရသည်။
မြတ်ဆုမွန်