ကော့သောင်း၊ နိုဝင်ဘာ ၁၈
ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေး နံရံကပ်စာစောင် ခင်းကျင်းပြသမှုကို ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကာကွယ်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ခရိုင်းရုံးရှေ့တွင် ခင်းကျင်းပြသ ထားကြောင်းသိရသည်။
ခင်းကျင်းပြသမှုတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း ကောက်နုတ်ချက်၊ မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာနသို့ သတင်းပေးတိုင်ကြားနိုင်သော ဖုန်းနံပါတ်များ၊ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ၊ မူးယစ်ဆေးဝါး ဆိုသည်မှာ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်နိုင်သော စိတ်ပိုင်း/ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ အသိပညာပေး ဆောင်ပုဒ်၊ ကဗျာနှင့် ကာတွန်းများ နံရံကပ်စာစောင်များ ဓာတ်ပုံများ အားစိတ်ဝင်စားဖွယ် ခင်းကျင်းပြသပေးထားပြီး လာရောက်ကြည့်ရှုသူများအား နှာခေါင်းစည်းများ တပ်ဆင်ကြရေး၊ လူစုလူဝေးဖြစ်စဉ်များ မပေါ်ပေါက်စေရေး Physical Distancing တစ်ဦးနှင့်တစ်ဦး သုံပေခွာကြည့်ရှု လေ့လာကြရေး ဝန်ထမ်းများမှအသိပေးနှိုးဆော်မှုများ ဆောင်ရွက်လျက် သိရှိလေ့လာနိုင်ရေး ခင်းကျင်းပြသ ထားကြောင်းသိရသည်။
ကျော်စိုး (ကော့သောင်း)