ကရသူရိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ရေး အသိပညာပေး နံရံကပ်ဘုတ်ပြသ

ကရသူရိ နိုဝင်ဘာ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရုံးရှေ့မြေစိုက်နံရံကပ်ဘုတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန့်ချက်အသိပညာပေး စာစောင်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ယနေ့ နံနက် ၁၁ နာရီက ပညာပေးပြသဆောင်ရွက်ခဲ့သည်။

အဆိုပါ ပြသရာတွင် (COVID-19) ကာကွယ်ဖို့ မောင်တို့မယ်တို့လိုက်နာစို့၊ (COVID-19) ကိုကာ ကွယ်ပါ၊ အိမ်တွင်းအကြမ်းဖက်မှုကိုလည်းလျှော့ချပါ၊ မိမိကစ၍ကာ ကွယ်ပါ၊ သင့်မိသားစု ကျန်းမာရေး စနစ်တကျလက်ဆေးပေး၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်မှကာ ကွယ်ပါ၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပုဒ်များစသည် ပြည်သူများအလွယ်တကူ ဝင်ရောက်လေ့လာ ဖတ်ရှုနိုင်ရေး ပညာပေးပြသဆောင်ရွက်ထားကြောင်း သိရသည်။

စိုးဝင်း(ပြန်/ဆက်)