တကောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် အသိပညာပေးနံရံကပ်စာစောင်ပြသ

တကောင်း နိုဝင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့တွင် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်တွင် မီးဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန်များ၊  မီးလောင် နေစဉ်တွင် လိုက်နာရန်အချက်များနှင့် ရှောင်ရှားသင့်သည့် အချက်များ၊ ငလျင်ဘေးအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ ငလျင်လှုပ်နေစဉ် လိုက်နာရန်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရန်အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များ၊ ရာသီအလိုက် ဖြစ်ပွားတတ်သော ကျန်းမာရေးအသိပညာပေး ပိုစတာများကို  ပြသထားကြောင်း သိရသည်။

သီရိအောင်( တကောင်း)