အိမ်မဲ ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် Youth Club အဖွဲ့၊ စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ပရိတ်သတ်များက “ဖက်စိမ်းကွမ်းတောင်” ရွှေဝတ္တုတိုများ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင် က “ဖက်စိမ်းကွမ်းတောင်” စာအုပ်အကြောင်းကို မိတ်ဆက်ဆက်ပေးပြီး စာဖတ်ဝိုင်းများ ပြုလုပ်ခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် Youth Club ဥက္ကဋ္ဌ ဦးပြည့်ဇော်ဖြိုးက “ဖက်စိမ်းကွမ်းတောင်” ရွှေဝတ္တုတိုများ မှ ''ခရီးဖော်''၊ သမဝါယမဦးစီးဌာန ဒေါ်အေးစန္ဒာထွန်းက ''ပိုးဖလံ''ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Youth Club အဖွဲ့မှ ဒေါ်ဇင်မာအောင် က ''ဘွိုင်လာအိမ်ကလေး'' ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အသီးသီး ဆွေးနွေးခဲ့ကြပြီး Youth Club ဥက္ကဋ္ဌ က စာအုပ်အကြောင်းအရာ များကို ခြုံငုံ၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ၊ လူငယ်များနှင့် အစိုးရတာဝန်ရှိသူများအကြား ဒီမိုကရေစီ အင်္ဂါရပ်များနှင့်အညီ ဆွေးနွေး တိုင်ပင်ရမည့် အကြောင်းအရာ ကိစ္စများကို ပြောဆို ဆွေးနွေးနိုင်သည့် အခွင့်အလမ်းကောင်းများ ရရှိစေရန်၊ စဉ်းစားတွေးခေါ်မှု မြင့်မားပြီး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်အတွက် ပြည်သူ့စကားဝိုင်းများ၊ ဆွေးနွေးပွဲများ၊ စာဖတ်ဝိုင်းများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ပေးရခြင်း ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ်(ပြန်/ဆက်)