မဘိမ်း နိုဝင်ဘာ ၁၈
ရှမ်ပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ မိုးမိတ်မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ မဘိမ်းမြို့နယ်၊ ဘဟဲကျေးရွာအုပ်စုနှင့် မလှိုင်ကုန်းကျေးရွာအုပ်စုများရှိ တောင်သူ များအတွက် ဆောင်းသီးနှံစိုက်ပျိုးစရိတ်များ ထုတ်ချေးပေးခြင်းကို ယနေ့နံနက် ၁၁ နာရီခွဲအချိန် ခန့်က ဘဟဲကျေးရွာ၊ ရှင်ပင်ဆွဲလွဲဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မဘိမ်းမြို့နယ်အတွင်းရှိ တောင်သူများ အား ဆောင်းသီးနှံစိုက်ပျိုးစရိတ်ထုတ်ချေးခြင်းများကို ကျေးရွာအုပ်စုအလိုက်ခွဲ၍ တစ်အုပ်စုခြင်း အလိုက် ထုတ်ချေးပေးလျက်ရှိရာ ဘဟဲကျေးရွာအုပ်စုတွင် တောင်သူ(၁၈၀)ဦး၏ ဆောင်းသီးနှံ စိုက် ဧက(၁၄၂၄)ဧကအတွက် တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ငွေကျပ်(၁၄၂၄)သိန်းနှင့် မလှိုင် ကုန်းကျေးရွာအုပ်စုတွင် တောင်သူ(၇၆)ဦ၏ ဆောင်းသီးနှံစိုက်ဧက(၅၃၆)ဧကအတွက် တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ငွေကျပ်(၅၃၆)သိန်း၊ စုစုပေါင်းငွေကျပ်(၁၉၆၀)သိန်းကို ထုတ်ချေးပေးခဲ့ပြီး မဘိမ်းမြို့နယ်တွင် ဆောင်းသီးနှံအဖြစ် ပဲပုတ်နှင့်မြေပဲတို့ကို အဓိကထား စိုက်ပျိုးကြကြောင်း မိုးမိတ်မြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ လက်ထောက်မန်နေဂျာ ဦးဇော်နိုင်ဦးက ပြောသည်။
မျိုးမင်း (ပြန်/ဆက်)