ကွန်ဟိန်းမြို့၌ ဖွင့်လှစ်ထားသည့် Quarantine Center များအတွက် ထောက်ပံ့ပစ္စည်းများ လှူဒါန်းခြင်း ဆောင်ရွက်

 

ကွန်ဟိန်း နိုဝင်ဘာ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ ဖွင့်လှစ်ထားသည့် Quarantine Center များဖြစ်သည့် ဟိတကာရီခန်းမ၊ ဓမ္မဝိဟာရ ဓမ္မာရုံတို့တွင် Facility Quarantine ဝင်ရောက်နေသည့် ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ သွားရောက်လှူဒါန်းခြင်းအား ယနေ့ နံနက် ၉ နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 အဆိုပါထောက်ပံ့ခြင်းသည် မေတ္ထာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း(Metta Development Foundation) တောင်ကြီးရုံးခွဲ အဖွဲ့မှ လာရောက်လှူဒါန်းပေးခြင်းဖြစ်ပြီး Quarantine Centre တစ်ခုစီအတွက် (၄)ပြည်ဝင် ဆန်တစ်အိတ်၊ ကုန်ခြောက်(၈)မျိုး၊ အသုံးအဆောင်ပစ္စည်း(၉)မျိုး နှင့် အခြား ပစ္စည်းများအပါအဝင် စုစုပေါင်း ပစ္စည်း(၂၂)မျိုးအား ပေးအပ်လှူဒါန်းခဲ့သည်။

ယင်းသို့ပေးအပ်လှူဒါန်းခြင်းအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (တောင်ကြီးရုံးခွဲ)အဖွဲ့မှ ဒေါ်နန်းမြလေး နှင့် အဖွဲ့ဝင်များ၊ Quarantine Center တာဝန်ခံများ၊ စေတနာ့ ဝန်ထမ်းအဖွဲ့များမှ Quarantine Center များသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)