ထန်တလန် နိုဝင်ဘာ ၁၈
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် မြို့အဝင်လိုင်ပေါင်းလုံ ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများက ခရီးသွား ပြည်သူများအား မိမိခရီးစတင် ထွက်ခွာလာသည့်ဒေသနှင့် သွားရောက် မည့် ဒေသများကို မှတ်တမ်းရယူခြင်းများနှင့် ခရီးသွားရာဇဝင် စိစစ်ခြင်းများကို နေ့စဉ်ကြပ်မတ် ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းမှ နေရပ်ပြန်လာသူ (၂၄) ဦးတို့အား ထန်တလန်မြို့ အမှတ်(၃)ရပ်ကွက်ရှိ မိုးလုံလေလုံ အားကစားရုံ၌ အသွားအလာ ကန့်သတ် စောင့်ကြည့်နိုင်ရန် Facility Quarantine ထားလျက်ရှိကြောင်း သိရသည်။
နေရပ်ပြန်လာသူ (၂၄)ဦးတို့သည် ရန်ကုန်တိုင်းဒေသကြီးမှ (၂၂)ဦး၊ ကလေးမြို့မှ (၂)ဦးတို့ဖြစ်ပြီး မြန်မာနိုင်ငံသား အမျိုးသား (၁၄)ဦးနှင့် အမျိုးသမီး(၁၀)ဦးတို့ဖြစ်ကြောင်း၊ ထန်တလန်မြို့အမှတ် (၂၊၃)ရပ်ကွက်၊ ထန်တလန်မြို့နယ် ရွာခွာကျေးရွာနှင့် သီကီရ်းကျေးရွာတို့တွင် နေထိုင်သူများဖြစ်ကြပြီး လက်ရှိအခြေအနေ၌ ကျန်းမာရေးကောင်းမွန်လျက်ရှိကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)