ပန်နန်းဒင်၌ ပုံပြင်ပြောပြခြင်း အစီအစဉ် ရိုက်ကူးတင်ဆက်

ပန်နန်းဒင် နို၀င်ဘာ ၁၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက် ကလေး စာဖတ်ခန်း Online ပေါ်မှ ပုံပြင်ပြောခြင်း အစီအစဉ်ကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်တွင် ရိုက်ကူး တင်ဆက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း စာကြည့်တိုက်ကို ခေတ္တပိတ်ထားချိန်တွင် စာပေချစ်သူ စာဖတ်ပရိသတ်များ စာပေနှင့်မကင်းကွာစေရန် ရည်ရွယ်၍ Online ပေါ်မှ အပတ်စဉ် ပုံပြင်ပြောပြခြင်း၊ စာအုပ်များ မိတ်ဆက်ခြင်းများ ဆောင်ရွက်ပေး လျက်ရှိရာ နို၀င်ဘာ ၁၇ ရက်နေ့တွင် မ-မလောင်နန်းခမ်းမွန်မှ "သမီးဆိုး မသူဇာ" ပုံပြင်ကို ပြောပြခဲ့ကြောင်း သိရသည်။

အဆိုပါ Onlineပေါ်မှ ပုံပြင်ပြောပြခြင်း အစီအစဉ်ရိုက်ကူးထားသည့် ဗွီဒီယိုကလစ်ကို ပန်နန်းဒင်မြို့ရုံး ပြည်သူ့စာကြည့်တိုက် စာမျက်နှာတွင် အပတ်စဉ် လွှင့်တင်ပေးလျက်ရှိကြောင်း  သိရသည်။

နောယော်ဘော်(ပြန်/ဆက်)