တပ်ကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဝါတွင်းဆွမ်းလောင်းလှူရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

တပ်ကုန်း ဇူလိုင် ၃၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် မြဝတီရပ်ကွက်၊ ဝါတွင်းကာလ ဆွမ်းလောင်းလှူရေးညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါညှိနှိုင်းအစည်းအဝေးတွင် မြဝတီရပ်ကွက် ဆွမ်းလောင်းလှူရေးကော်မတီအတွင်းရေးမှူး ဦးအောင်မင်းက ဆွမ်းလောင်းလှူရေးအတွက် ရပ်ကွက်အတွင်းမှ ဆွမ်းလောင်းလှူမည့် စေတနာရှင်များ၊ တစ်ဦးချင်စေတနာရှင်များ အသိပေးရေး၊ ဆွမ်းခံလှည့်လမ်းကြောင်းများတစ်လျှောက် တစ်ရက်ကြို နှိုးဆော်ရေးနှင့် ဆက်စပ်လုပ်ငန်းများညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်