ကျွန်းစုမြို့တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုပညာ တစ်လုံးထိုးဒီဇယ်အင်ဂျင်စက်ပြင်သင်တန်းဆင်းပွဲ ကျင်းပ

ကျွန်းစု သြဂုတ် ၁

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး‌ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်းအထောက်အကူပညာ တစ်လုံးထိုးဒီဇယ်အင်ဂျင်စက်ပြင်သင်တန်းဆင်းပွဲကို ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က ကမ်းကြီးကျေးရွာအုပ်စု၊ ကမ်းကြီးကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းသန္တာက သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။

ထိုနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် တာဝန်ရှိသူများက သင်တန်းသားထူးချွန်ဆု၊ သင်တန်းဆင်းလက်မှတ်များ၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သောစံပြဆုတို့ကို ချီးမြှင့်ပေးအပ်ခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက အဆိုပါကျေးရွာစာကြည့်တိုက်အတွက် သုတ၊ ရသစာအုပ်များအား ထောက်ပံ့ပေးအပ်ခဲ့ပြီး အမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

သင်တန်းကို ဇူလိုင်လ(၁)ရက်နေ့မှ ဇူလိုင်လ(၃၀)ရက်နေ့အထိ (၁)လကြာ စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး အဆိုပါ ကျေးရွာအုပ်စုအတွင်းမှ စိတ်ပါဝင်စားသူ ‌(၂၀)ဦး တက်ရောက်သင်ယူခဲ့ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျော့ချရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေရန်နှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရန်အတွက် သင်တန်းကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)