ကော့သောင်းမြို့တွင် ကော့သောင်းခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနမှ စက်လှေကိုင်တွယ် မောင်းနှင်ထိန်းသိမ်းမှု (မွမ်းမံ)သင်တန်းဆင်းပွဲပြုလုပ်

ကော့သောင်း ဩဂုတ် ၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ကော့သောင်းခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနမှ စက်လှေကိုင်တွယ်မောင်းနှင်ထိန်းသိမ်းမှု (မွမ်းမံ)သင်တန်းအမှတ်စဉ် (၄/၂၀၂၄) ဆင်းပွဲအား ယနေ့နံနက်ပိုင်းက ခရိုင်မီးသတ်ဦးစီးမှူးရုံး၊ အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ရာအခမ်းနားသို့ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးသူရဝင်းက စက်လှေကိုင်တွယ်မောင်းနှင် ထိန်းသိမ်းမှု(မွမ်းမံ)သင်တန်းတွင်  လက်တွေ့ရေယာဉ် မောင်းနှင်ခြင်း၊  စက်လှေတစ်စီး၏ အခြေခံဖြစ်သော အလုပ်လုပ် ကိုင်ပုံ၊ အင်ဂျင်အမျိုးအစားနဲ့ အဓိကအစိတ်အပိုင်းများ၊ ဆီထောက်ပံ့မှုစနစ်များ၊ ပဲ့ထိန်းစနစ်အလုပ်လုပ်ပုံ၊ မီးငြှိမ်းသတ်ရေးအတွက် ရေစုပ်ရေပက်ခြင်း သင်ခန်းစာများ၊  စက်လှေနှင့်သက်ဆိုင်သော သင်ခန်းစာများ၊ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများတွင် စက်လှေမောင်းများအနေဖြင့် လုပ်ဆောင်ရမည့်အချက်များ စသည့်တိုကိုသင်ကြားပို့ချပေးခဲ့ပြီးဖြစ်ကြောင်းနှင့် လက်တွေ့နယ်ပယ်တွင် ထိရောက်သောရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို မိမိတို့တက်စွမ်းသလောက် ဆောင်ရွက်ပေးကြရန် အမှာစကားပြောကြားခဲ့သည်။

ထို့နောက်သင်တန်းတွင် ထူးချွန်ဆုရရှိသော သင်တန်းသားများနှင့် သင်တန်းနည်းပြများအား ဂုဏ်ပြုဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)