မြောင်းမြမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့် (VDP) စီမံကိန်း ကျေးရွာများအား ရွေးချယ်ခြင်း အစည်းအဝေးကျင်းပ

မြောင်းမြ နိုဝင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်  အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင် ကျေးရွာစီမံကိန်းနှင့် (VDP)စီမံကိန်းကျေးရွာများ ရွေးချယ်ခြင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြရွှေဝါခန်းမ၌ ကျင်းပပြုလုပ် သည်။

ရှေးဦးစွာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မန်းထွန်းကြိုင်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွက် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ဒေသဖွံဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်မည့် ကျေးရွာများရွေးခြယ်ခြင်းအား ဝိုင်းဝန်းအကြံပြု ကြရန် ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနမှူး ဦးနေလင်းစိုးက မြစိမ်းရောင် ကျေးရွာ စီမံကိန်းများ၏ ရည်ရွယ်ချက်များနှင့် အဆိုပြုရွေးချယ်မည့် ကျေးရွာများအတွက် ရွေးချယ်ရမည့် စံနှုန်းများအကြောင်းကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက မြောင်းမြမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း()ရွာ၊ (VDP)စီမံကိန်း ကျေးရွာ(၂၉)ရွာ၊ စုစုပေါင်းကျေးရွာ(၃၀)ရွာတို့ကို ရွေးချယ်အတည်ပြု ခဲ့ကြကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြောင်း သိရသည်။

ကေခိုင်စိုး(မြောင်းမြ)