ပလောက် သြဂုတ် ၄
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့စိုက်ပျိုးရေးဦးစီးဌာနမှဦးဆောင်၍ မိုးစပါးစိုက်ပျိုးသူတောင်သူများအား ယူရီယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက ပလောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပလောက်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့စိုက်ပျိုးရေး ဦးစီးမှူး ဦးသော်ဇင်ထွန်းက ယူရီယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပလောက်မြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ယူရီယားဓာတ်မြေဩဇာ အိတ်(၁၅၀)အိတ်ကို ပလောက်မြို့ရှိ မိုးစပါးစိုက်ပျိုးသူတောင်သူများ ဖြန့်ဝေးပေးခဲ့ကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)