ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရေးအတွက် မြို့နယ်အတွင်း အသံချဲ့စက် များဖြင့် လှည့်လည်အသိပညာပေး

ဇမ္ဗူသီရိ     နိုဝင်ဘာ     ၁၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရေး အတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများအား အသံချဲ့စက်များဖြင့် လှည့်လည်အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးပြည့်ဖြိုးမောင်နှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် စပ်လျဉ်းသည့် ကြေညာချက်များအား ရွှေကြာပင် ရပ်ကွက်၊ သပြေကုန်းရပ်ကွက်၊ အောင်ဇမ္ဗူရပ်ကွက်၊ တဲကြီးကုန်းကျေးရွာ၊ ရှားတောကျေးရွာ၊ ဂုံမင်းအင်း ကျေးရွာနှင့် အလျင်လို ကျေးရွာများအတွင်းရှိ ပြည်သူများအား အသံချဲ့စက်များဖြင့် လှည့်လည် အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)