ပလောက် သြဂုတ် ၄
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ မိုးစပါးစိုက်ပျိုးသူ တောင်သူများအား ယူရီယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက ပလောက်မြို့စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပလောက်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မြို့စိုက်ပျိုးရေး ဦးစီးမှူး ဦးသော်ဇင်ထွန်းက ယူရီယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပလောက်မြို့ မြို့အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ယူရီယားဓာတ်မြေဩဇာ အိတ်(၁၅၀)အိတ်ကို ပလောက်မြို့ရှိ မိုးစပါးစိုက်ပျိုးသူတောင်သူများ ဖြန့်ဝေးပေးခဲ့ကြောင်းသိရသည်။
နှင်းမြူလွင် (ပလောက်)