ခိုလမ်မြို့တွင် ဘက်စုံမွေးမြူရေးခြံရှိ ဝက်များအား ကာကွယ်ဆေးထိုးနှံပေး

ခိုလမ်     နိုဝင်ဘာ    ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း   ၊   လွိုင်လင်ခရိုင် ၊     ခိုလမ်မြို့တွင်    မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ ဘက်စုံမွေးမြူရေးခြံ ရှိ ဝက်များအား ယမန်နေ့ ညနေ ( ၂  )နာရီ ခွဲအချိန်က ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည် ။

ထိုသို့ ဆောင်ရွက်ရာတွင်  နမ်စန်မြို့နယ်   မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ  Dr  ဝင်းဝင်းထွေး နှင့် ခိုလမ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန  ဝန်ထမ်းများက  အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အတွင်းရှိ ဘက်စုံမွေးမြူရေးခြံ မှ   ဝက်(၄၅) ကောင်အား ဝက်ဝမ်းကျရောဂါကာကွယ်ဆေး  ထိုးနှံပေးခြင်း ၊  ဖျားနာနေသော ဝက်များအား ဆေးကုသပေးခြင်း ၊  ဝက်များနှင့် ပတ်သက်၍  အသိပညာပေးခြင်း ၊  ဇီဝလုံခြုံမှုအား ပိုမို ကောင်မွန်စေရေးတို့ကို  ဂရုစိုက်ရန် အကြံပေး ဆွေးနွေးဆောင်ရွက်ပေးခဲ့ကြောင်း   Dr ဝင်းဝင်းထွေး ထံမှ သိရှိရသည်။

ခင်လေးဝင်း ( ပြန် / ဆက် )