ထားဝယ်မြို့၌ အာမခံအမျိုးအစားများအကြောင်း ရှင်းလင်းမိတ်ဆက်ပွဲ အခမ်းအနား ကျင်းပ

ထားဝယ်   ဖေဖော်ဝါရီ   ၂၂

AIA Myanmar ၏ အာမခံအမျိုးအစားများအကြောင်း ရှင်းလင်းမိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ Golden Guest Hotel ၌ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက အာမခံလုပ်ငန်းနှင့် ပတ်သက်ပြီး နိုင်ငံသူ/ နိုင်ငံသားများ သိရန်လိုအပ်ကြောင်းနှင့် အာမခံလုပ်ငန်းများအကြောင်းကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် AIA Financial Consultant Director ဒေါ်စိမ်းနန္ဒာလှိုင်က AIA စီးပွားရေးလုပ်ငန်းကို ၁၉၁၉ ခု နှစ်တွင် စတင်တည်ထောင်ပြီး လွတ်လပ်သည့် အများနှင့်သက်ဆိုင်သော ကုမ္ပဏီကြီးဖြစ်သော pan-Asian  အသက်အာမခံ လုပ်ငန်းအဖွဲ့ အစည်းဖြစ်ကြောင်း၊ AIA အနေဖြင့် အသက်အာမခံပေါ်လစီများကို ဝန်ဆောင်မှုပေး လျက်ရှိရာ ဝန်ဆောင်မှုများတွင် အသက်အာမခံ၊ ကျန်းမာရေးအာမခံနှင့် ငွေစုခြင်းအစီအစဉ်များ ပါဝင်ကြောင်း နှင့် AIA ကုမ္ပဏီ အကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ Manager ဒေါ်ယမင်းအေးက ကျန်းမာရေး အာမခံအကြောင်း၊ အကျိုးခံစားခွင့်မရှိသော အချက်များ အကြောင်း၊ ဘဝလုံခြုံစေသော စုဆောင်းမှုကို ရွေးချယ်သင့်သော အကြောင်းအရာများနှင့် ရရှိနိုင်သော အကျိုးခံစားခွင့်များအကြောင်းကို ရှင်းလင်းဆွေးနွေး ပြောကြားပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဦးသိန်းထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်းမြောင်းဝန်ကြီးဦးမြင့်စန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ AIA Financial Consultant Director ဒေါ်စိမ်းနန္ဒာလှိုင်နှင့်အဖွဲ့၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်ကျော်လတ် (ခရိုင် ပြန်/ဆက်)