ကျောက်ဆည်မြို့နယ် ပင်တလည်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွား

​ကျောက်ဆည် နိုဝင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ပင်တလည်ကျေးရွာတွင် ယနေ့ နေ့လည်ပိုင်းက လျှပ်စစ်မီးသီးထွန်းထားရာမှ ဝါယာကြိုးအပူလွန်ပြီး လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ် ပွားခဲ့‌ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ကျောက်ဆည်ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးဇင်ထွန်းနှင့် သန္ဓေ တပ်ဖွဲ့ဝင် (၁၅)ဦး၊ မီးငြိမ်းသတ်ယာဉ်(၂)စီး၊ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦးနှင့် ကျေးရွာသူ၊ ကျေးရွာ သားများ ပူးပေါင်းပြီး မီးငြိမ်းသတ်ခဲ့ပြီး မီးလောင်မှုကြောင့် အလျား(၃၀)ပေ၊ အနံ(၂၀)ပေ၊ ဝါးကပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း လူနေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ရှင်အား ကျောက်ဆည်မြို့မ ရဲစခန်းမှ အမှုဖွင့်ထားကြောင်း သိရှိရသည်။

         

သက်မောင်