မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask နှင့် Face Shield Campaign ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်

မော်လမြိုင်ကျွန်း   နိုဝင်ဘာ  ၁၉

လပွတ္တာခရိုင်၊‌ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ‌ ဈေးများ၊ လူသွားလာမှု များပြားသည့်လမ်းထိပ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲရေး ဆက်သွယ်ပညာပေးမျက်နှာနှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုအဖြစ် ယနေ့နံနက် ၇ နာရီမှစ၍  Mask နှင့် Face Shield Campaign ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဈေးများ၊ ဈေးဝယ်သူများနှင့် ဈေးသည်များ၊ လူသွားလာဖြတ်သန်းမှုများသည့် လမ်းမများတွင် ပါးစပ်နှင့် နှာခေါင်းစည်း Mask နှင့် မျက်နှာအကာ Face Shield များ ဝေငှပညာ ပေးခြင်း၊ ဈေးသည်များအား ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် ပြည်သူများသိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို အသိပညာပေး ပြောကြားသည်။

အဆိုပါ ဆောင်ရွက်မှုတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်‌ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စည်ပင်သာယာရေးကော်မတီ၊ မြို့နယ် ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ လူမှုရေး အဖွဲ့အစည်းများ ပူးပေါင်းပါဝင်လျက် ‌မြို့နယ်အတွင်း နေရာခွဲ၍ အဖွဲ့ခွဲများမှ စုပေါင်း လှုပ်ရှား အသိပညာ လုပ်ငန်းအား‌  နေ့စဉ်ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။

သီတာအောင်(ပြန်ဆက်)