ထန်တလန် ဖေဖော်ဝါရီ ၂၂
ချင်းပြည်နယ်၊ ဟားခါးခရိုင် ထန်တလန်မြို့၌ မြန်မာနိုင်ငံရင်ခွင်မဲ့ ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း (ဗဟို)က ရင်ခွင်မဲ့ကလေးငယ်များနှင့် တစ်ကိုယ်ရည်မိခင်များလျှော့ချရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀နာရီက TABC ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံရင်ခွင်မဲ့ ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း (ဗဟို)မှ ဒေါ်စမ်းစမ်းယုနှင့် ချင်းပြည်နယ်လူမှုရေး၀န်ကြီး ဦးပေါင်လွန်းမင့်ထန်တို့က အဖွင့် အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံရင်ခွင်မဲ့ ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း (ဗဟို)မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာမြသီတာက ရင်ခွင်မဲ့ကလေးများနှင့် တစ်ကိုယ်ရည် မိခင်များလျှော့ချရေး မျိုးဆက်ပွားပညာရပ်ဆိုင်ရာ အသိပညာပေးကျန်းမာရေး ဗဟုသုတဆိုင်ရာ အသေးစိတ်အချက်အလက်များကို လည်းကောင်း၊ သားဆက်ခြားနည်းလမ်းအကြောင်းကို ဒေါက်တာဗွေရှင်တီးက ရှင်းလင်းပြောကြားသည်။ ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေလွှမ်းက တက်ရောက်လာကြသူများကို အားပေး အမှာ စကားပြောကြားသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ဇနီး ဒေါက်တာ ရွှေလွမ်း၊ မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းမှ အလုပ်အမှုဆောင်အဖွဲ့၀င်များ၊ သူနာပြုဆရာမများနှင့် အမျိုးသမီး ကော်မတီ၀င် အဖွဲ့အစည်းအသီးသီးမှ တာ၀န်ရှိသူများတက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများမှ သိလိုသည်များ၊ ပြန်လည်မေးမြန်းချက်များအား ဗဟိုအသင်းအထွေထွေ အတွင်းရေးမှူးက ပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။
ယောန (ထန်တလန်)