ပလက်ဝ နိုဝင်ဘာ ၁၉
ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် (WFP) ကုလသမဂ္ဂက ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(မြန်မာ) မှ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် အာဟာရမှုန့် များကို ယမန်နေ့ နံနက် ၉ နာရီတွင် မြို့နယ်အားကစားခန်းမ၌ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ရာတွင် တိုက်ပွဲရှောင်ပြည်သူတစ်ဦးလျှင် ဆန် ၁၃.၅ ကီလိုဂရမ်၊ စားသုံးဆီ ၁ လီတာ၊ ဆား ၀.၁၅ ကီလိုဂရမ်၊ ပဲ ၁.၈ ကီလိုဂရမ်နှင့် ငါးနှစ်အောက်ကလေးတစ်လျှင် အာဟာရမှုန့်(၁.၅) ကီလိုဂရမ် နှစ်ထုပ်နှင့် နို့တိုက်မိခင်များအား အာဟာရမှုန့် (၁.၅ ) ကီလိုဂရမ်နှစ်ထုပ်စီတို့ကို ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
ပလက်ဝမြို့နယ်တွင် တိုက်ပွဲရှောင်စခန်း (၆) ခု၊ အိမ်ထောင်စု (၁၀၉၇) စု၊ လူဦးရေ (၄၇၉၇) ဦးရှိကြောင်း သိရသည်။
အောင်ကျော်(ပြန်/ဆက်)