ဒေါ့ဖုန်းယန် နိုဝင်ဘာ ၁၉
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၊ မြို့အဝင် စုပေါင်းစစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ နေ့စဉ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါစစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့တွင်းသို့ ဝင်ရောက် လာကြသည့် ခရီးသွားပြည်သူများအား ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ခရီးသွားလာခွင့် ကျန်းမာရေး ထောက်ခံစာများ စစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်များ ရယူခြင်း၊ နေရပ် လိပ်စာရယူခြင်းနှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်ရယူခြင်းများကို မြို့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အလှည့်ကျ နေ့စဉ်စစ်ဆေး ဆောင်ရွက်လျက် ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားလျက်ရှိသည့် ပြည်တွင်းပြည်ပဒေသများမှ မိမိမြို့သို့ ပြန်လည်ဝင်ရောက် လာပါက ဒေါ့ဖုန်းယန်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားရှိသည့် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာတွင် Quarantine ၁၄ ရက် ဝင်ရမည်ဖြစ်ကြောင်း၊ ကျန်းမာရေး စစ်ဆေးခြင်း ခံယူရမည်ဖြစ်ကြောင်းနှင့် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ခရီးသွားပြည်သူ(၂၃၉ )ဦးအား Non-Contact Infrared Thermometer စက်ဖြင့် ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခဲ့ပြီး သံသယလူနာ မရှိကြောင်း သိရှိရသည်။
မြသက်( ပြန်/ဆက် )