၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ကြံခင်း   ဩဂုတ်  ၈

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကြံခင်းမြို့ နယ်အတွင်းရှိကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လည် ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧရာဦးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ် ဦးစီးမှူးများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ လူမှုရေး အသင်းအဖွဲ့များ၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားကို အထက(၁)ကြံခင်းမှ မြတ်ဆရာသီချင်းဖြင့်သီဆိုဖျော်ဖြေဖွင့်လှစ်ပြီး မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က အဖွင့်အမှာစကားပြောရာတွင် သားငယ်၊ သမီးငယ်များ အနေဖြင့် နိုင်ငံတော်၏ အနာဂတ်အတွက် အားကိုးအားထားပြုထိုက်သူများဖြစ်အောင် ကြိုးစားဆောင် ရွက်သွား ကြစေလိုကြောင်း၊ နိုင်ငံတော်၏ကျေးဇူး သစ္စာကိုစောင့်သိပြီး နိုင်ငံတော်ကို အလုပ်အကျွေး ပြုနိုင်သော နိုင်ငံ့သားကောင်းရတနာ၊ သမီးကောင်း ရတနာများဖြစ်လာကြစေလိုကြောင်း ပြောကြား သည်။ ယင်းနောက် တိုင်းဒေသကြီးအဆင့် ဒုတိယဆုရရှိသော ဆုတံဆိပ်အား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မှ  မြို့နယ်ပညာရေးမှူးထံလွှဲပြောင်းပေးအပ်ပြီး အထက(၂)ကြံခင်းမှ မနှင်းသန့်ဇော်က အကဖြင့် ဖျော်ဖြေ ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ (၅)ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ (၄)ဘာသာ ဂုဏ်ထူးရှင် (၁)ဦးအား တံခွန်စိုက်ဒိုင်းဆုနှင့် ဂုဏ်ပြုဆုတံဆိပ်အားလည်းကောင်း၊ (၃)ဘာသာ ဂုဏ်ထူးရှင်(၄)ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးသောင်းထွဋ်လွင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်(အတွင်းရေးမှူး) မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂)(၃)တို့ကလည်းကောင်း၊ (၂) ဘာသာဂုဏ်ထူးရှင်(၅)ဦးအား မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်ပညာရေးမှူး တို့ကလည်းကောင်း၊ (၁)ဘာသာဂုဏ်ထူးရှင်(၂၈)ဦးအား မြို့နယ်ဦးစီးမှူးများနှင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာကြီးများက ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုဆု တံဆိပ်များကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ သူများက သီဆိုကပြဖျော်ဖြေကြကာ တာဝန်ရှိ သူများက အသီးသီးဆုများချီးမြှင့်ကြပြီး ဂုဏ်ထူးရရှိအောင် သင်ကြားပြသပေးကြသော ဆရာ၊ ဆရာမများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုဆုတံဆိပ်များကို တာဝန်ရှိသူများက အသီးသီးပေးအပ်ကြသည်။

ယင်းနောက် အောင်ချက်အကောင်းဆုံး ကျောင်း(၇)ကျောင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုဆုတံဆိပ်များပေးအပ်ချီးမြှင့်ပြီး (၅)ဘာသာဂုဏ်ထူးရှင် မရတီမြင့်မိုရ်ဦးနှင့် မမြတ်ပန်းဖူးချစ် တို့က ဆုရကျောင်းသား ကျောင်းသူများကိုယ်စား ကျေးဇူတင် စကားပြန်လည် ပြောကြားသည်။ ဆက်လက်၍ အထက(၂)ကြံခင်းမှ ပညာပန်းခင်းသီချင်းဖြင့် အခမ်းအနားကို ရုပ်သိမ်း ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)