အမာမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေး

အမာ    ဩဂုတ်    ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို အမာမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယနေ့နံနက် (၉)နာရီ အချိန်ကစတင် ထိုးနှံတိုက်‌ ကျွေး ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေး ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များရှိ အသက်(၂)လမှ အသက်(၁)နှစ်ခွဲအောက် ကလေးငယ် (၂၀)ဦးအား  ပုံမှန်ကာကွယ်ဆေး ဖြစ်သော ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင်၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုသောက်ဆေး၊ ထိုးဆေးများ ထိုးနှံတိုက်ကျွေးပေးခြင်း၊  ကိုယ်ဝန်ဆောင် မိခင်(၈)ဦးအား မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးခဲ့ ကြောင်းကျေးလက်ကျန်းမာရေးဦးစီးဌာန ဆရာမဒေါ်ခင်ချောစုထွေးထံမှသိရသည်။

အမာ(ပြန်/ဆက်)