CERP အစီအစဉ်ဖြင့် Rs to Cs မျိုးသန့်ပွား၊ မျိုးစေ့ထုတ် ပခန်းရွှေဝါမိုးစပါး စိုက်ပျိုးထားသည့် စံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်

မောက်မယ် နိုဝင်ဘာ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စီးပွားရေးကုစားမှု COVID-19 Economic Relief Plan (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော Rs to Cs မျိုးသန့်ပွား၊ မျိုးစေ့ထုတ် ပခန်းရွှေဝါမိုးစပါးစိုက်ခင်း စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက် ၁၀နာရီ က မြို့မအုပ်စုရှိ တောင်သူဦးစိုင်းတ၏ လယ်ကွင်း၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှ ဒုတိယဉီးစီးမှူး ဦးဝင်းမော်ဦးနှင့် ဝန်ထမ်းများ၊ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံတောင်သူများနှင့်ပူးပေါင်း၍ တောင်သူ ဦးစိုင်းတ၏  မျိုးသန့်ပွား၊ မျိုးစေ့ထုတ် ပခန်းရွှေဝါ မိုးစပါးစိုက်ခင်းရိတ်သိမ်းမည့် လယ်ကွက်တွင် စံနှုန်းများတိုင်းတာခြင်း၊ ရိတ်သိမ်းချွေလေ့ ထားသော စပါးများ၏ အထွက်နှုန်း တိုင်းတာခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။  

အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းရာတွင် ပခန်းရွှေဝါ မျိုးစေ့ထုတ်မိုးစပါးတစ်ဧကလျှင် အစိုတင်း ၈၉.၈၁ တင်းထွက်ရှိပြီး အခြောက် ၈၂.၉၂တင်းနှုန်း ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဝင်းမော်ဦးထံမှ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)