ကျောက်ဆည်မြို့ ပြည်ပန်းကျေးရွာအနီး မြို့အဝင်ဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်း များ အန္တရာယ်ကင်းစေရေး အဆောက်အဦသစ်ဆောက်လုပ်

ကျောက်ဆည် နိုဝင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ ပြည်ပန်းကျေးရွာအနီး မြို့အဝင်ဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား Test Kit စနစ်ဖြင့် SWAB ယူနေသည့် ကျန်းမာရေးဝန်ထမ်းများ ဘေးအန္တရာယ် လုံခြုံစွာ အလုပ်တာဝန်များ ထမ်းဆောင်နိုင်ရေး အဆောက်အဦတစ်ခု ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

အဆောက်အဦဆောက်လုပ်ရာတွင် ပြည်လုံးနိုင်ရပ်ကွက် ဦးကိုကိုလတ်မှ အလှူငွေ (၁၅) သိန်း ကျပ်၊ ဦးအောင်နိုင်လင်း (ကောင်းဟိန်း မိုဘိုင်း) မိသားစုမှ ငွေကျပ် (၃) သိန်း၊ ဦးလှိုင်မြတ်ကျော် (Happy Store) မိသားစုမှ ငွေကျပ် (၁) သိန်းတို့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အဆောက်အဦသည် ကျန်းမာရေးဝန်ထမ်းများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် လုံခြုံစွာ အလုပ်တာဝန်များ ဆောင်ရွက်နိုင်ရန်အတွက် စိတ်ချ လုံခြုံရမည့်အကာအရံပါ အခန်း(၂)ခန်းနှင့် ကျန်းမာရေးစစ်ဆေးခံမည့်သူများ စနစ်တကျရှိစေရေးအတွက် လျှောက်လမ်းဝရံတာတစ်ခု ပါဝင်ကြောင်း သိရပြီး  ခန့်မှန်းကုန်ကျငွေ ကျပ်(၂၅)သိန်း ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

သက်မောင် (ကျောက်ဆည်)