မိုင်းရှူး နိုဝင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်အတွင်း ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးများအား ဒုတိယအကြိမ် ထောက်ပံ့ကြေး ပေးအပ်နိုင်ရေးအတွက် စာရင်းများကောက်ခံလျက် ရှိကြောင်း သိရသည်။
အဆိုပါစာရင်းများ ကောက်ခံရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ အောက်တိုဘာလ ၁၇ ရက်နေ့မှ ဒီဇင်ဘာလ၂၀ရက်နေ့အထိ စာရင်းများကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းရှူးမြို့နယ်အတွင်း၌ ပထမအကြိမ်ထောက်ပံ့ကြေးများ ပေးအပ်ရာ၌ ကိုယ်ဝန်ဆောင်မိခင် (၅၂၀)ဦးနှင့် အသက်(၂)နှစ်အောက် ကလေး(၂၀၆)ဦးရှိကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)