မန်ကန် နိုဝင်ဘာ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ပြည်သူများ ဆေးလိပ်နှင့် ဆေးရွက်ကြီးသောက်သုံးမှုနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ရုံးရှေ့တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင် ပြုလုပ်၍ ပြသခဲ့ကြောင်း သိရသည်။
အဆိုပါနံရံကပ်စာစောင်တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးသောက်သုံးခြင်းဖြင့် ရရှိနိုင်သော ရောဂါများ၊ ဆိုးကျိုးများ၊ သတိပြုရမည့် အချက်များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် အရွယ်မရောက်သေးသော ကလေးငယ်များ ဆေးလိပ်ငွေ့ရှူရှိုက်မိလျှင် ရရှိနိုင်မည့် ဆိုးကျိုးများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ဝေသော အသိပညာပေးလက်ကမ်းစာစောင်များ၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးကို ရှောင်ရှားသင့်သည့် အသိပညာပေးသရုပ်ပြပုံများပါဝင်ကြောင်း သိရသည်။
ကျော်ဇင်ထက်(ပြန်/ဆက်)