ကာလိမြို့၌ ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာများနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးနံရံကပ်စာစောင်များပြသ

ကာလိ  နိုဝင်ဘာ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး  မြေစိုက်ပြဘုတ်၊ နံရံကပ် စာစောင်ပြဘုတ်တို့၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးရုပ်ပုံများနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ယနေ့နံနက်(၉)နာရီအချိန် က စတင်၍ ပြည်သူများအတွက် သိရှိလိုက်နာနိုင်ရန်အတွက် ခင်းကျင်းပြသပေး လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး အနေဖြင့်  အများပြည်သူအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ခင်းကျင်းပြသခြင်း ဖြစ်ပြီး အဆိုပါနံရံကပ်စာစောင်များတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်များ၊ နှာခေါင်းစည်း(Mask)ကို အသုံးပြုခြင်းဆိုင်ရာ အကြုံပြုချက်များ၊ နှာချေချောင်းဆိုးသည့် အခါတိုင်း လိုက်နာရမည့်ကျင့်ဝတ်များ၊ စနစ်တကျလက်ဆေးနည်း လမ်းညွှန်ချက်များ၊ ကိုရိုနာဗိုင်းရပ်စ်၏ ရောဂါလက္ခဏာများ၊ ကိုဗစ်-၁၉ ဆိုင်ရာ ဖြစ်ပွားမှုနှင့်ပတ်သက် သည့် အသိပညာပေးရုပ်ပုံများနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းများဆိုင်ရာ အသိပညာပေးအကြောင်းအရာများကိုလည်း စုံလျင်စွာ ခင်းကျင်းပြသထားလျက်ရှိကြောင်း သိရသည်။

ဝင်းကျော်(ကာလိ၊ပြန်/ဆက်)