ကျုံပျော် နိုဝင်ဘာ ၁၉
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့၊ မြို့မဈေး အတွင်းရှိ စျေးရောင်း/ဝယ်သူများတွင် Mask များတပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများ ဦးဆောင်၍ ဈေးရောင်း/ဈေးဝယ် သူများတွင် Mask များတပ်ဆင်ခြင်း ရှိ/မရှိကို လိုက်လံစစ်ဆေးကြပြီး၊ ဈေးရောင်းသူများတွင် Mask နှင့် Face Shield မတပ်ဆင်ပါက ဒါဏ်ကြေးသတ်မှတ် ဆောင်ရွက်လျက်ရှိသည်။
ဈေးအတွင်း စစ်ဆေးခြင်းကိုနေ့စဉ် ဆောင်ရွက်လျက်ရှိပြီး၊ လက်ရှိတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အတွက် မြို့နယ်အတွင်းရှိ ဈေးများအားလုံးတွင် အခြေခံစားသောက်ကုန်များကိုသာ နံနက် ၆ နာရီမှ မွန်းလွဲ ၂ နာရီအထိ ရောင်းချခွင့်ပြုထားကာ အခြားဈေးဆိုင်များကို ရက်ကန့်သတ်၍ ပိတ်သိမ်း ထားကြောင်း သိရသည်။
နေဝင်းမြင့်(ကျုံပျော်)