ဖရူဆို နိုဝင်ဘာ ၁၉
ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ် စေရေး အတွက် ပြည်သူများ သိရှိလိုက်နာရမည့် အချက်များကို ယမန်နေ့က မိုဆိုကျေးရွာအုပ်စု နှင့် ဟိုယာကျေးရွာအုပ်စု တို့တွင် နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးလုပ်ငန်း ဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက အကြီးတန်းစာရေး ဦးစိုင်းခိုင်ဝင်း နှင့် ဝန်ထမ်းများက အများပြည်သူ အလွယ် တကူ သိရှိရမည့် ကိုဗစ် - ၁၉ ရောဂါ လက္ခဏာများ၊ ကြိုတင်ကာကွယ်ရမည့် ဆောင်ရန် ရှောင်ရန်အချက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို ပြည်သူများ အလေးထား လိုက်နာနေထိုင်စေရေး အတွက် မောသီဒိုကျေးရွာ၊ ရာဧပရားကျေးရွာ၊ ဟိုယာ ကျေးရွာ နှင့် ထေခိုကျေးရွာတို့တွင် ကျန်းမာရေးဦးစီးဌာ၏ ညွှန်ကြားချက်နှင့်အညီ အသိပညာပေးလုပ်ငန်း လိုက်လံနှိုးဆော် ပေးခဲ့ကြောင်း သိရသည်။
တောရယ်(ပြန်/ဆက်)