ရိခေါ်ဒါရ်၌နေရပ်ပြန်လာသူ နှစ်ဦးတို့အား ရိခေါ်ဒါရ်မြို့ အထကခွဲ Facility Quarantine နေရာ၌ အသွားအလာ စောင့်ကြည့်ထားရှိ

ရိခေါ်ဒါရ် နိုဝင်ဘာ ၁

အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား နှစ်ဦးတို့သည် ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် မှတစ်ဆင့် ယမန်နေ့က ရိခေါ်ဒါရ်မြို့သို့ ရောက်ရှိလာကြပြီး အထကခွဲကျောင်းရှိ Facility Quarantine နေရာတွင် (၁၄)ရက်ကြာ အသွားအလာကန့်သတ် စောင့်ကြည့်ထားရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူများသည် အမျိုးသမီးနှစ်ဦးဖြစ်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ တာဟန်းရပ်ကွက်၌   နေထိုင်သူများဖြစ်ကြပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျမ်ဖိုင်မြို့သို့ သွားရောက်ခဲ့ရာမှ နေရပ်ပြန်လာကြသူများဖြစ်ကြောင်း၊ အဆိုပါ နေရပ်ပြန်လာသူများအား ရိခေါ်ဒါရ်မြို့ ပြည်ပမှပြန်လာသူများ ကြိုဆိုလက်ခံရေးစခန်း၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ လဝကဌာန၊ မီးသတ်ဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များဖြင့် စစ်ဆေး လက်ခံခဲ့ခြင်း ဖြစ်ပြီး၊ ၎င်း၏ ကျန်းမာရေးအခြေအနေကို စစ်ဆေးဆောင်ရွက်ခဲ့ရာ လက်ရှိအခြေအနေအထိ ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

အဆိုပါ နေရပ်ပြန်လာသူ နှစ်ဦးတို့သည် ရိခေါ်ဒါရ်မြို့ အထကခွဲကျောင်းရှိ Facility Quarantine Center အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိခဲ့ကြောင်း၊ ရိခေါ်ဒါရ်မြို့ Facility Quarantine နေရာတွင် လက်ရှိအခြေအနေ၌ အသွားအလာ စောင့်ကြည့်ထားရှိသူ ၁၀ဦးရှိကြောင်း သိရသည်။

လာလ်ပက်လောမ် (ပက်ကာ)