မိုင်းခတ်မြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု(၁၄၄) စုအား စတုတ္ထအကြိမ် ထောက်ပံ့ငွေများ ပေးအပ်

မိုင်းခတ်   နိုဝင်ဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်မှ တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် နိုဝင်ဘာ၁၈နေ့မှ စတင်၍မြို့ပေါ် ရပ်ကွက်(၂)ရပ်ကွက်နှင့်ကျေးရွာအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများ အားစတုတ္ထအကြိမ်   ထောက်ပံ့ငွေများ   ပေးအပ်ခဲ့သည်။

ထောက်ပံ့ငွေများပေးအပ်ရာတွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊  ရပ်/ကျေး စာရေးများက မြို့ပေါ်ရပ်ကွက်(၂)ရပ်ကွက်၊ မိုင်းနှုန်း၊ ဝမ်ခုတ်၊ ဝမ်ပင်း၊ ဝမ်အွန်၊ တုံဖကော်၊ ဖာလန်ကော်၊ နောင်လုံး၊ မိုင်းကာနှင့်  ပါပွန်းကျေးရွာအုပ်စုများရှိ         ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စုများရှိရာသို့   အိမ်တိုင်ရာ ရောက်   ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

မိုင်းခတ်မြို့နယ်တွင်  အခြေခံလူတန်းစား    အိမ်ထောင်စုပေါင်း ၁၄၄ စု၊ လူဦးရေ စုစုပေါင်း ၄၉၇ ဦး ရှိပြီး  တာဝန်ရှိသူများ က  အိမ်ထောင်စုများရှိရာသို့ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

မိုးဒေ(ပြန်/ဆက်)