မော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီမှ ပုသိမ်မြို့ကို အခြေပြုလျက် ဒေသအသီးသီးသို့ ပြေးဆွဲ လျက်ရှိသော ယာဉ်အသင်းဂိတ်များအား ထောက်ပံ့ပစ္စည်းများပေးအပ်

ပုသိမ်  နိုဝင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊အမှတ် (၁၃)နယ်မြေ၊ ကင်မလင်းကျွန်းရပ်ရှိ ပုဂ္ဂလိက မော်တော်ယာဉ်၊ လုပ်ငန်းယာဉ်များ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီမှ (တိုင်း၊ခရိုင်၊ မြို့နယ် ) တို့ပူးပေါင်း၍ ကိုဗစ်-၁၉ ဒုတိယအကြိမ်ကာလအတွင်း ပုသိမ်မြို့နယ်အခြေပြုလျက် ဒေသအသီးသီးသို့ ထွက်ခွာပြေးဆွဲ လျက်ရှိသော မော်တော်ယာဉ်ဂိတ်များအား ဆန်နှင့်ဆီ ထောက်ပံ့ပစ္စည်း များပေးအပ်ပွဲကို ယနေ့ နံနက် နာရီက ဆောင်ရွက်ခဲ့သည်။

အဆိုပါထောက်ပံ့မှု နှင့်ပတ်သက်၍ ပုသိမ်မြို့နယ်(..က)သို့ စည်းကြပ်များ ပျက်ကွက်မှုမရှိဘဲ ပေးဆောင် လျက်ရှိသည့် မော်တော်ယာဉ်အသင်းဂိတ်များ၊ ကုန်တင်ယာဉ်အသင်းဂိတ်များ၊ သုံးဘီးယာဉ် အသင်းဂိတ်များ စုစုပေါင်း(၁၀၁)ဂိတ်တို့အား ဆန်နှင့် ဆီ များ ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်။

ထိုသို့ ထောက်ပံ့ရာတွင် မော်တော်ယာဉ်အသင်း ဂိတ်တဂိတ်လျှင် ဆန်()အိတ်၊ ဆီ ()ပိဿာနှင့် သုံးဘီး ယာဉ်အသင်းဂိတ် တစ်ဂိတ်လျှင် ဆန်()အိတ်၊ ဆီ()ပိဿာတို့အား ထောက်ပံ့ကြောင်းကို  ပုသိမ်ခရိုင် မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေးကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ဦးပုချေထံမှသိရသည်။

ထို့သို့ထောက်ပံ့မှုများကို ပထမအကြိမ် ကိုဗစ်-၁၉ ဖြစ်ပွားစဉ်က မော်တော်ယာဉ် ဂိတ်ပေါင်း(၉၀) ကျော်အား ထောက်ပံ့ ပေးခဲ့ပြီး၊ ယခုအခါဂိတ်ပေါင်း(၁၀၁) ဂိတ်ကိုထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။

မြင့်ဟန် (ပုသိမ်ခရိုင် ပြန်/ဆက်)