နေပြည်တော် ဩဂုတ် ၁၃
၂၀၂၄ ခုနှစ် ဩဂုတ် ၁၂ ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ဆင်များနေ့အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားကို နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ် ငလိုက်စခန်းသာဆင်စခန်း၌ ဆင်စာဘူဖေးကျွေးမွေးခြင်းနှင့် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ဆရာ/ဆရာများ၊ စတုတ္ထနှစ်ကျောင်းသား/ကျောင်းသူများအား ငလိုက်စခန်းသာဆင်စခန်းသို့ ဖိတ်ကြား၍ ဆင်နှင့်ပတ်သက်သော ဆင်အကြောင်းအရာများအား အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ဩဂုတ် ၁၂ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဆင်များနေ့အား ငလိုက်စခန်းသာဆင်စခန်းတာဝန်ခံနှင့်ဆင်ဦးစီး၊ ဆင်ပဲ့ချိတ်များဦးဆောင်ကာ ကမ္ဘာ့ဆင်များနေ့အား သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ဆရာ/မများ၊ ကျောင်းသား /သူများအားဖိတ်ကြား၍ မြန်မာ့သစ်လုပ်ငန်းမှဆင်စခန်းများဖွင့်လှစ်ခဲ့သည့်ရည်ရွယ်ချက်များ၊ ငလိုက်စခန်းသာဆင်စခန်းရှိ ဆင်ပြတိုက်ပြသထားရှိမှု၊ ဆင်များအား ကျန်းမာရေးစောင့်ရှောက်ထားရှိမှု ဆင်ဆေးခန်း၊ ဆင်စခန်းဝင်းအတွင်းရှိ တောတွင်းစက်ဘီးစီးလမ်း၊ တောတွင်းဖြတ်လျှောက်လမ်းနှင့် တောတွင်းဖြတ်တံတားတို့အား ဆရာ/မများနှင့် ကျောင်းသား/ကျောင်းသူများအား လိုက်လံရှင်းလင်းပြသပေးပြီး၊ ကမ္ဘာ့ဆင်များနေ့အထိမ်းအမှတ် ဆင်စာဘူဖေးကျွေးမွေးခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ဆင်များနေ့ အထိမ်းအမှတ်ကို ကမ္ဘာပေါ်ရှိဆင်များအား ကာကွယ်ထိန်းသိမ်းကြရန်ရည်ရွယ်ပြီး ၂၀၁၂ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့မှစတင်ကာ ကနေဒါနိုင်ငံသား ရုပ်ရှင်ထုတ်လုပ်သူ Patricia Sims နှင့် ထိုင်းနိုင်ငံအခြေစိုက် Elephant Reintroduction Foundation တို့မှ စတင်ကျင်းပလာခဲ့ရာ ယခုဆိုလျှင် ကမ္ဘာ့ဆင်များနေ့အား ကူညီပံ့ပိုးပေးနေသည့် (Wildlife Organizations) နိုင်ငံပေါင်း (၇၂)နီးပါးရှိနေပြီဖြစ်ကြောင်း လက်ထောက်မန်နေဂျာ ဦးညီညီအောင်က ရှင်းပြသည်။
ကမ္ဘာ့ဆင်များနေ့အခမ်းအနားသို့ ဒုတိယအထွေထွေမန်နေဂျာ ဦးဇော်ဝင်းနိုင်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ငလိုက်စခန်းသာဆင်စခန်းတာဝန်ခံ ဦးညီညီအောင်နှင့်ဝန်ထမ်းများ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ဆရာ/ဆရာများ၊ စတုတ္ထနှစ်ကျောင်းသား/ကျောင်းသူများအား တက်ရောက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း