ကျောက်မဲ နိုဝင်ဘာ ၁၉
ရှမ်းပြည်နယ် ( မြောက်ပိုင်း ) ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာတွင် ပျားမွေးမြူရေး လုပ်ငန်းတွင် အလုပ် လုပ်ရန်လာရောက်ရင်း ကိုဗစ်၁၉ အတည်ပြုလူနာ အမျိုးသား (၁)ဦးယမန်နေ့ မွန်းလွဲ ၂ နာရီက ကျောက်မဲခရိုင် ဆေးရုံမှ ဆင်းခွင့်ရသွားပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ဆေးရုံမှဆင်းခွင့်ရသည့်သူသည် စစ်ကိုင်းတိုင်း၊ ကနီမြို့၊ ချောင်းဦးရွာကဖြစ်ပြီး ကျောက်မဲမြို့နယ်၊ နောင်ပိန် ကျေးရွာရှိ ပျားမွေးမြူရေးလုပ်ငန်းတွင်အလုပ်လုပ်ရန်အတွက် လာရောက်ရာမှ နောင်ပိန်ကျေးရွာရှိ Quarantine Center ၌ နိုဝင်ဘာ ၁ ရက်နေ့က ဝင်ရောက် နေထိုင်ခဲ့ကာ နိုဝင်ဘာ ၆ ရက်နေ့က ၎င်း၏ ဓါတ်ခွဲနမူနာများကို ရယူစစ်ဆေးခဲ့ရာမှ ကိုဗစ်၁၉ ပိုးတွေ့ခဲ့သည်။ ၎င်းအားကျောက်မဲခရိုင် ပြည့်သူဆေးရုံကြီးရှိ သီးသန့်ဆောင်သို့ ပြန်လည် ပြောင်းရွှေ့ထားရှိ၍ ဆေးကုသမှုခံယူစေခဲ့ရာ သတ်မှတ်ကာလအတွင်း ရောဂါလက္ခဏာ တစ်စုံတရာမပြဘဲ သက်သာပြီဖြစ်သောကြောင့် ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
ကိုဗစ်ကာလစတင်စဥ်ကစ၍ယနေ့ အချိန်ထိ ကျောက်မဲမြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ စုစုပေါင်း ၁၁ ဦးရှိခဲ့ပြီဖြစ်ပြီး ၇ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရရှိပြီဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။
မိုင်းထွန်း(ပြန်/ဆက်