ကွမ်းလုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တာဆီးရေးလုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်

 

ကွမ်းလုံ    နိုဝင်ဘာ  ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ် တာဆီးရေးလုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီမှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီအဖွဲ့ ဝင်များပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၉ နာရီအချိန်ခန့်က လွတ်လပ်ရေးကျောက်တိုင်အနီး ပြည်ထောင်စု လမ်းမ၌ နှာခေါင်းစည်း MASK(၁၅၀၀)အား အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများအနေဖြင့် မလိုအပ်ပဲအပြင်မထွက်ကြရန်၊ အပြင်ထွက်ပါကနှာခေါင်းစည်း (MASK)များ စနစ်တကျတပ်ဆင်ရန်၊ မလိုအပ်ပဲလူစုလူဝေးမလုပ်ကြရန်နှင့် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးအသိပညာပေးနိုးဆော်ချက်များကို လိုက်နာ နေထိုင်သွားကြရန် အသိပညာပေးပြီး နှာခေါင်းစည်း (MASK) များအခမဲ့ ဖြန့်ဝေပေးခဲ့သည်။

ကွမ်းလုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုတားဆီးကာကွယ်ရေးအတွက် မြို့အဝင်/ အထွက်တွင် ကျန်းမာရေးစစ်ဆေးရေးဂိတ်များဖွင့်လှစ်၍ လူဝင်လူထွက်များစစ်ဆေးခြင်း အဖျားရှိ/မရှိ စစ်ဆေးခြင်းတို့ကို စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စိုင်းဇော်ခမ်း(ကွမ်းလုံ)