မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း အရှိန်အဟုန်မြှင့် ဆောင်ရွက်

မိုးနဲ     နိုဝင်ဘာလ   ၁၉

 ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ် ၊ကုသ ရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ပြည်သူများအား Stay at Home ကာလအတွင်း မဖြစ်မနေအပြင် သို့ထွက်ရမည်ဆိုပါက နှာခေါင်းစည်းတပ်ဆင်သွားလာရေး အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက် အသီးသီးတွင် တာဝန်ရှိသူများ က လိုက်လံနှိုးဆော်အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ၊ထိန်းချုပ် ၊ကုသရေး လုပ်ငန်းကော်မတီ မှတာဝန်ရှိသူများ ၊မြို့နယ်ကျန်းမာ‌‌ရေးဌာနမှ တာဝန်ရှိသူများ ၊ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ၊အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရပ်/ကျေးစာရေးဝန်ထမ်းများပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များရှိ‌ နေရာအသီးသီးသို့ သွားရောက်၍ Hand Speaker ဖြင့် အပြင်ထွက်လျှင် နှာခေါင်းစည်းတပ်ဆင်ရေး၊ လက်များစနစ်တကျ ဆေးရေး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ သွားလာနေထိုင်ရေးကို  မြန်မာ/ရှမ်း နှစ်ဘာသာဖြင့်အသိပညာ‌ ပေးနှိုးဆော်ခဲ့‌ကြောင်း သိရသည်။ 

 မျိုးညွန့်ရွှေ (မိုးနဲ)