ပြင်ဦးလွင် နိုဝင်ဘာ ၁၉
ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အစားအသောက်ရောင်းချနေသည့် ဆိုင်များအားလုံး ဆိုင်ထိုင်စားသောက်ခြင်း ရှိ / မရှိနှင့် Take away (ပါဆယ်) စနစ်ဖြင့်သာ ရောင်းချခြင်း ရှိ / မရှိ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်မှု လျော့နည်းပပျောက်ရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် စားသောက် ဆိုင်များ၊ အရက်ဆိုင်များ၊ ဘီယာဆိုင်များ၊ ခေါက်ဆွဲဆိုင်များ၊ လက်ဖက်ရည်ဆိုင်များတွင် လူစုလူဝေး မဖြစ်စေရေးအတွက် ဆိုင်ထိုင်စားသုံးခြင်းမပြုစေဘဲ Take away (ပါဆယ်) စနစ်ဖြင့်သာ ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ ရောင်းချခြင်း ရှိ/ မရှိ မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများနှင့် စည်ပင် သာယာရေး ကော်မတီဝင်များ ပူးပေါင်းကာ ရပ်ကွက်ကျေးရွာများအလိုက် လိုက်လံစစ်ဆေး အသိပေးဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ဇော်မျိုးထိုက် (ပြင်ဦးလွင်)