မက်မန်းမြို့၌ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၊ လမ်း/တံတားလုပ်ငန်းသုံးပစ္စည်းနှင့် ဝန်ဆောင်မှုအိတ်ဖွင့် တင်ဒါ အမှတ်စဉ်(၁)စိစစ်ရွေးချယ်ပွဲ အခမ်းအနားကျင်းပ

မက်မန်း      နိုဝင်ဘာ       ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်တွင်၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ လမ်း/တံတား လုပ်ငန်းသုံးပစ္စည်းနှင့် ဝန်ဆောင်မှုအိတ်ဖွင့်တင်ဒါ အမှတ်စဉ်(၁)စိစစ် ရွေးချယ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က မက်မန်းမြို့လမ်းဦးစီးဌာန အစည်းအဝေးခန်းမ ၌ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားကို မက်မန်းမြို့နယ် (ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်) ဦးကျကဇော်မှ အဖွင့်အမှာစကား ပြောကြားပြီး မက်မန်းမြို့နယ်ခရိုင်စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ ဦးစိုးတင့်၊ လမ်းဦးစီး ဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ)၊ ဦးမျိုးသန့်ဇော်၊ မက်မန်းမြို့နယ်လမ်းဦးစီးဌာန၊  ဦးစီးအရာရှိ(မြို့ပြ) ဦးမိုင်းနိုင်နေလင်း၊ တင်ဒါကော်မတီအဖွဲ့ဝင်များတက်ရောက်ကြပြီး ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၊လမ်း/ တံတားလုပ်ငန်းသုံး ပစ္စည်းနှင့် ဝန်ဆောင်မှုအိတ်ဖွင့် တင်ဒါအမှတ်စဉ်(၁)စိစစ်ရွေးချယ်ပွဲအခမ်းအနားကို ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ ဝင်ရောက် ယှဉ်ပြိုင်ကြပြီး တင်ဒါစိစစ်ရွေးချယ်ပွဲအခမ်းအနားကို ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီမှ ထုတ်ပြန်ထား သည့် ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း လမ်းဦးစီးဌာနမှ သိရသည်။

 

သန်းမြတ်စိုး(ပြန်/ဆက်)