မိုင်းတုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မိုင်းတုံ နိုဝင်ဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊မိုင်းတုံမြို့၌ ကူးစက်မှုမြန်ဆန်သည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ(၃)နာရီခွဲ က မြို့နယ် အထွေထွေအပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးရုံးခန်းတွင်ပြုလုပ်ကျင်းပသည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတတီဥက္ကဋ္ဌ ဦးနေအောင်က မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန် မပျက်ဆောင်ရွက်ရေး၊ ပြည်သူလူထုအသိ ပညာပေးလုပ်ငန်းများ ကျယ်ကျယ် ပြန့်ပြန့်ဆက်လက်ဆောင်ရွက်ရေးနှင့် နှာခေါင်စည်းများ စနစ်တကျ တပ်ဆင်စေရေး ဈေးရောင်း၊ ဈေးဝယ်သူများ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ရောင်းချ စေရေးတို့ကို ကြပ်မတ်ဆောင်ရွက်ရေးတို့နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသည့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များက  ရောဂါဖြစ်ပွားသောဒေသမှ  ပြည်သူများ အချိန်နှင့်တစ်ပြေးညီ သတင်းပို့ အကြောင်းကြားစေရေး၊ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ် ရေးလုပ်ငန်းများ အား ဌာနဆိုင်ရာများ၊ ပရဟိတ အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဝိုင်းဝန်း ဆွေးနွေး ခဲ့ကြောင်း သိရသည်။

ဝင်းဝင်းခိုင်(ပြန်/ဆက်)