ဖား​ဆောင်းမြို့တွင် စာ​ပေချစ်မြတ်နိုးသူများမှ စာဖတ်ဝိုင်းကျင်းပ

ဖား​ဆောင်း   နိုဝင်ဘာ   ၁၉

ကယားပြည်နယ်၊ဖား​ဆောင်းမြို့၌ Book Club,Women Club နှင့် Young Club အဖွဲ့တို့မှ စာ​ပေချစ်မြတ်နိုးသူများက စာ​ရေးဆရာ’’​ကျော်ဝင်း”​ရေးသားသည့် ‘’၂၁ ရာစု သား​ရွှေဥ”စာအုပ်အား စာဖတ်ဝိုင်း​ဆွေး​နွေးခြင်းကို ယ​နေ့​နေ့လည်(၁၁)နာရီ အချိန်က ပြန်ကြား​ရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊လူထုအ​ခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ​ဒေါ်နန်းသဲနု​အောင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ဦးစွာ​ဆွေး​နွေးပြီး Book Club  အသင်းဥက္ကဌ ဦးသီဟ​အောင်က အခန်း(၁၀)ပါ အ​ကြောင်းအရာများကို ဦး​ဆောင်​ဆွေး​နွေးခဲ့သည်။

ဆက်လက်၍ ကျန်အသင်းဝင်များက တစ်ခန်းချင်းစီအလိုက် ​ဆွေး​နွေးခဲ့ကြပြီး တစ်ဦး၏ဖတ်ရှု ​ဆွေး​နွေးချက်များကို အပြန်အလှန်​ဆွေး​နွေးကာ အမြင်ချင်းဖလှယ်ခဲ့ကြ​ကြောင်းနှင့် အသင်း၏​ရှေ့လုပ်ငန်းစဥ်များကိုလည်း ချမှတ် ​ဆွေး​နွေးခြင်းများ ပြုလုပ်ခဲ့ကြ​ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)